အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) ၌ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဝါ Grade ခွဲဝယ်ယူ ရောင်းဝယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
Jun 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာနမှ ချီးမြှင့်ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ် (၃၂) ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် (၇၅)ကြိမ်မြောက် ရပ်စောက်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသန နုဂ္ဂဟ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က စူဠာမုနိကုသိုလ်တော်ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 16,2024
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား (၃)ဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး‌ ရေကူးအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2024
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “နေရင်းဒေသပြန်လည် တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ” ကို ယနေ့ နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးလမ်း (Service track) တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ (၂)နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့‌သော အသက် (၆၆)နှစ်ပြည့် ပညာရေးဝန်ထမ်းများအား ဒဿမအကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မုံးထမြို့၊‌ မုံးထော်ကျေးရွာ အောင်မင်္ဂလာကျောင်း၌ (ပဉ္စမ)အကြိမ်မြောက် နေ့/ည အသံမစဲ အဘိဓမ္မာ (၅) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။