ကျောက်တန်းမြို့နယ်အတွင်းရှိ သမ၀ါယမ အသင်းသား တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

ကျောက်တန်း ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူထားသည့်  မြို့နယ်သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ပွဲကို ဇွန် ၁၃ ရက် ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ ဆင်ကန်ရပ်ကွက်၊ ပဲလှော်ဖို လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

ယင်းသို့ ပေးအပ်ရာတွင်  ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၈) သင်းမှ အသင်းသား (၁၀၂) ဦး၏ စိုက်ပျိုးမြေ (၈၈၀) ဧကအတွက် တန်ဖိုး ငွေကျပ် (၁၇၆) သန်းနှင့် ညီမျှသော သွင်းအားစုများကို အသင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)