အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ဇွန်လ(၁၅)ရက်နေ့က ရွှေပြည်ညွှန့်ကျေးရွာနှင့် ပြေသာကုန်းကျေးရွာများသို့ သွားရောက်၍အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်
Jun 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် (၂၅) ရပ်ကွက် ဗုဒ္ဓဟူးပါတ်ဓမ္မာရုံးတွင် ဇွန်လ(၁၅)ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 17,2024
၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ဇွန် ၁၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။
Jun 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ကမ်းလက်များ စာကြည့်တိုက်၌ စာကြည့်တိုက် နှစ်ပတ်လည်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဝန်ထမ်းအိမ်ရာနှင့် ပြလို့မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၊ (ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ)ဖြင့် ဆောင်ရွက်မည့် အောင်လံမြို့ ဒုခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပြလို့မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Jun 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကားဖြင့် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယမန်နေ့နံနက်က စားအုန်းဆီ တစ်ပိသာ ၅၈၈၁ ကျပ်နှုန်းဖြင့် စားအုန်းဆီပိဿာ ၁၁၀ ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်ရှိ လမ်းဆုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၊ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။