အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
ကယားပြည်နယ်အတွင်းမြို့များ မြို့အင်္ဂါရပ်နှင့်အညီဖြစ်‌စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေး အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်နယ်စည်ပင်သာရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
Jun 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက (၁၆၀၀၀) ကျော်စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
Jun 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်(၄၇၂)ရှိ K- Power Bank (Solar, LI-Ion Battery, 24 Hours Back System) ဆိုင်တွင် ယမန်နေ့နံနက် ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
Jun 17,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဓမ္မစကူးလ်ပညာသင်နှင့် ဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စုံညီအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ထော်နွတ်ကျေးရွာ ဗောဓိသစ္စာဓမ္မစကူးလ်သင်တန်းကျောင်း အစည်းအဝေးခမ်းမတွင် ကျင်းပကြောင်း သိရသည်။
Jun 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများခြင်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပွား‌စေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ ပိုးလောက်လမ်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တစ်အိမ်တက်/ဆင်း အဘိတ်(Abate) ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများအား ယမန်နေ့ နေ့လယ် (၁၅) နာရီက အမှတ် (၁) ရပ်ကွက်၊ အဏ္ဏဝါရပ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 17,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဇွန်လ(၁၅)ရက်နေ့က အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၀၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။