ပေါင်းတည်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

 

ပေါင်းတည် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၂ နာရီက Book Club အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာရေးဆရာ မောင်ကျေးဇူး၏ " လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုစာဖတ်ဝိုင်းတွင် ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မိတ်ဆက်စကား ပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်ဦးမြင့်ဦးက စာအုပ်ပါ ခေါင်းစဉ်များထဲမှ “ သောက်စားပျော်ရေး ပြည်ဖျက်ဆေး ” ခေါင်းစဉ်ပါအကြောင်းအရာများ၊ “လူ့ဘိန်းစား ပညာရှား” ခေါင်းစဉ်ပါအကြောင်းအရာများ၊ Book Club အဖွဲ့ဝင် ဒေါ်ခင်နှင်းဆီက “ စဉ်လာဆုံးမ သြဝါဒ ရှောင်ကြမူးယစ်ဆေး” ခေါင်းစဉ်ပါအကြောင်းအရာများ၊ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ပါအကြောင်းအရာများ၊ Book Club အဖွဲ့ဝင်ဦးဆန်းမောင်က “ယစ်မူးယွင်းဖောက် သေစာသောက် ရှက်ကြောက် ပျက်စီးကြောင်း” ခေါင်းစဉ်ပါအကြောင်းအရာများနှင့် “အန္တရာယ်ကို ဝယ်ယူနေသူများ” ခေါင်းစဉ်ပါအကြောင်းအရာများကို အသီးသီးဖတ်ကြားကြသည်။

ဆက်လက်၍ စာရေးသူက စေတနာဖြင့်ရေးသားထားသော အသိပညာပေးအကြောင်းအရာများကို ပြန်လည်ရှုမြင်ကာအပြန်အလှန် ဆွေးနွေးတင်ပြကြသည်။ထိုစာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင် ၁၅ ဦးတက်ရောက် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေသား( ပြန်/ဆက်)