အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့က ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့သည်။
Jun 17,2024
ပျော်ဘွယ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီအချိန်က ကျီနီကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအနီးတွင် ပျော်ရွှင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Jun 17,2024
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေရန်၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်မှုရှိစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက ညောင်ရွှေမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ ရွှေဓားဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့သည်။  
Jun 17,2024
၂၀၂၄ ခုနှစ်‌ ဇွန်လ (၁၇)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သဲကန္တရတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ သူငယ်တော်တောရ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပကြောင် းသိရသည်။
Jun 17,2024
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူထုအသိပညာပေးလုပ်ငန်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ဒေါပုံစျေးအရှေ့တွင် ကျင်းပခဲ့သည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဈေးသာကျေးရွာအုပ်စု၊ ဈေးသာကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 17,2024
ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။