အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မွန်းလတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့သစ်မြို့၊ မင်းရပ်ကွက်၊ သုခသမ္ပဒါလေသာကျောင်းတိုက်တွင် ယမန်နေ့နံနက်(၁၁)နာရီက ဆောင်ရွက်ကာ ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့သစ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးခန်းမ၌ ယမန်နေ့နေ့လည် ၁၂ နာရီက ကျင်းပခဲ့သည်။
Jun 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၃၅၆၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်း သုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
Jun 17,2024
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မျက်စိအထူးကုသဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်စိအထူးကု ဆေးကုရေးအဖွဲ့တို့သည် ဇွန်လ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့ထိ မျက်စိရောဂါဝေဒနာ ခံစားနေရသော ဒေသခံပြည်သူများအား လိုအပ်သောစမ်းသပ်စစ်‌ဆေးမှု၊ ဆေးကုသပေးမှုများနှင့် ခွဲစိပ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဟိုနောင်ကျေးရွာအုပ်စု၊ နောင်ခမ်း(၁၉)မိုင်ကျေးရွာရှိ လားဟူနှစ်ခြင်းဘုရားကျောင်းတွင် ကျင်းပခဲ့​ပါသည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၇ နာရီက တောင်တွင်း-မကွေး၊ တောင်တွင်း-မြို့သစ်လမ်းစုံ ပုဏ္ဏဝတီလမ်းမ ကြီးတွင် ယနေ့ နံနက် (၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 17,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများနှင့် တက္ကသိုလ်တက်ရောက်နေသည့်ဝန်ထမ်းများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လမ်းသေအဘိတ်ဆေးခတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။