ကျောက်တလုံးကြီးမြို့တွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ကျောက်တလုံးကြီး မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရင့်သန်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပြပွဲတွင် ပြည်သူများ ဗဟုသုတရဖွယ် သုတ/ရသစာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့‌ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း