သန်လျင်မြို့၌ စာကြည့်တိုက်ပညာသင်တန်း ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ပညာသင်တန်း ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဆရာဦးဟိန်းလတ်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(ကိုယ်စား) ခရိုင်ဦးစီးအရာရှိ ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်နှင့်မြို့ရုံးတို့မှဦးစီးအရာရှိများ၊ စာကြည့်တိုက်တာဝန်ခံများတက်ရောက်ကြပြီး သင်တန်းအား မေ (၂၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးသီဟ (ခရိုင်၊ပြန်ဆက်)