အမြို့မြို့အနယ်နယ်သတင်းများ

May 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးကဏ္ဍအား အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ဆောင်ရွက်ကြရာ တစ်နိုင်တစ်ပိုင် ရာသီပေါ်စိုက်ပျိုးကြသူများအနေဖြင့် ယခုမိုးကြိုကာလတွင် ဟင်းနုနွယ်စတင်စိုက်ပျိုးကြသည်။
May 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖြစ်သည့် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ကလိန်ကျေးရွာအုပ်စု၊ ကလိန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
May 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာကြည့်တိုက်ပညာများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာ သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သည်။
May 15,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များနေပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အ‌လုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သော အ-ထ-က(၁) ၊ အ-ထ-က (၃) ၊ အ-ထ-က (၆)၊ အ-မ-က-၁၂ ကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
May 15,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ဆင်မြီးဆွဲမြို့၊ ကြို့ကုန်းအုပ်စု၊ ပေပင်သာကျေးရွာဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။