ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲပြုလုပ်

ကော့သောင်း မေ ၁၆

၂၀၂၄ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် “မူးယစ်ရန်စွယ်အသွယ်သွယ်အန္တရာယ်ဟူသမျှရှောင်ရှားကြ”၊ “မူးယစ်ဆေးဝါးကာကွယ်ရေးအသိပညာမြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှတိုးပွားရှင်သန်မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံးလူညွှန့်တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်”၊ မူးယစ်ကင်းကွာပပျောက်ဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့” စသည့်ခေါင်းစဉ်များဖြင့် ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ (၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ၃၄(ကော့သောင်း)မှ တပ်ဖွဲ့စုမှူးရဲမှူးနိုင်နိုင်ဦး၊ ကော့သောင်းမြို့နယ်မှူး၊ ရဲမှူးဝေလင်းကို ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှု၍ အားပေးစကားများ‌‌ ပြောကြားခဲ့သည်။

ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၏ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာများကို ခရိုင်ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်၍ ဆုရရှိသူများကို တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ဆက်လက်ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)