ကွမ်းခြံကုန်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှတို့မှ ကွမ်းခြံကုန်းမြို့နယ်တွင် ဆေးဆိုင်များအား ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေး (သောက်ဆေး) အမျိုးမျိုးအား စစ်ဆေးခြင်းများကို မေ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေး (သောက်ဆေး) များဖြစ်သော BIOGESIC၊ ORMOl Tablets၊ ပါရစီတမော၊ METFOR ဆီချို သွေးချိုသောက်ဆေး၊ Oramin - G အားဆေးသွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နွယ်နွယ်အေးက ဆေးဝါးများပြတ်လပ်မှုမရှိစေရေး၊ ဈေးနုန်းမြှင့်တင်ရောင်းချမှုမပြုကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဆေးဝါးများကိုသာရောင်းချကြရန်တို့ကို လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားသွားပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သန်းသန်းစိုးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဒေါ်မာမာ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)