ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကြံခင်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို အဆိုပါဘဏ်ရှေ့တွင် ယမန်နေ့နံနက် ၈ နာရီက ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဧရာဝတီ တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းမော်တို့က ကြည့်ရှုအားပေးကြသည်။ အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များနှင့် စားအုန်းဆီလက်လီ/ လက်ကားရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆီတစ်ပိဿာလျှင် ၈၀၈၈ ကျပ်နှုန်း၊ ပေါ်ဆန်းဆန်တစ်ပြည် ၃၀၀၀ ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ဆန်တစ်ပြည်၊ ကြက်ဥ ၅ လုံးတို့အား ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)