ကျုံဒိုးမြို့၌မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေသြဇာ ကြဲပက် ကွင်းသရုပ်ပြပွဲ

ကော့ကရိတ် မေ ၂

ကရင်ပြည်နယ်အတွင်း မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ကွင်းသရုပ်ပြပွဲကို မေ ၂၃ ရက်က ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ ဒေါဖျာကျေးရွာအုပ်စု၊ ကော့ဘော် ကျေးရွာ၊ ကော့ဘော်ကွင်းအမှတ်(၇၄/ခ)ရှိ ဦးထွန်းကြည်၏ ဧက ၄၀ စပါးစိုက်ခင်း၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်သည် တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍  ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် မြေဩဇာစပ်နည်းတို့ကိုလည်းကောင်း၊ ပြည်နယ်စက်မှုလယ်ယာဦးစီးမှူးက စက်မှုလယ်ယာထွန်စက်ပစ္စည်းများနှင့်ပတ်သက်သည့်အကြောင်းအရာတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်တောင်သူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့များသည် ကွင်းအတွင်း မြေဩဇာကြဲပက်မှု ကြည့်ရှုအား‌ပေးကြပြီး စိုက်ပျိုးရေးတောင်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပိုက်ဆံလျှော်မျိုးစေ့များနှင့် စက်သုံးဆီဒီဇယ်များ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)