မြင်းခြံ မေ ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက် ၈ နာရီက အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက “တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြစို့ကွယ်” သီချင်းဖြင့် ဖွင့်လှစ်သည်။ ထို့နောက် မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသည့် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များကပေးအပ်ရာ ကျောင်းအုပ်ဆရာမများက လက်ခံရယူကြသည်။
ချစ်ဦးနွေ(မြင်းခြံ)