တောင်သာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ အစိုးရသစ်လက်ထက် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် UID ကတ်များ ထုတ်ပေးခြင်းကို မေ ၂၅ ရက် နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဝန်ထမ်းများက အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်များပြုလုပ် ပေးခြင်းနှင့် UID ကတ်များ ထုတ်ပေးခြင်းတို့ကို နေ့ချင်းပြီး ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးကာ ကာယကံရှင်များ လက်ဝယ်အရောက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)