အမြို့မြို့အနယ်နယ်သတင်းများ

May 27,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ "စုပေါင်းစံပြဝက်မွေးမြူရေးလုပ်ငန်းနှင့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်း" တည်ထောင်ရန်အတွက်၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝက်သားပေါက်နှင့် တိုင်းရင်းကြက်ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေး သင်တန်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က၊ ဟုမ္မလင်းမြို့နယ်၊ အမက (ခွဲ) စွယ်ကြာပေါ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 27,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်)၏ အရေးပေါ်အသက်ကယ် ဆင့်ပွားသင်တန်း(၂/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို မူဆယ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 27,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ဂုဏ်‌ဆောင် လူရည်ချွန်များကိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်(၂)အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
May 27,2026
‎မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တည်းခိုခန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2026
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
May 27,2026
မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (Sustainable Agriculture) ဆောင်ရွက်စေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများအကြား နည်းပညာပြန့်ပွားစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ သိန်းဖျံကျေးရွာ၊ တောင်သူ ဒေါ်နန်းနွမ်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စံပြစိုက်ဧက (၃) ဧက၌ ကျင်းပကြောင်း သိရသည်။
May 27,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 27,2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။