ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းများစတင်လက်ခံလျက်ရှိ

ကျောက်ပန်းတောင်း မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်ရှိအခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသများအတွက်  နိုင်ငံတော်မှ အခမဲ့ထောက် ပံ့မှုများကိုလည်း ပေးအပ်လျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်း ၂၆၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၃ ကျောင်းဖွင့်လှစ်ထားရှိရာ၊ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် ကျောင်းအပ် လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျောင်းအပ် လက်ခံရာတွင် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံကြခြင်းဖြစ်ပြီး၊ သူငယ်တန်း(KG) မှ Grde-5 အထိ ကျောင်းသား၊ ကျောင်းသူ များ အတွက် သတ်မှတ် ပြဌာန်းစာအုပ်များ၊ စာရေးကရိယာ များနှင့်အတူ ကျောင်းဝတ်စုံ ၁ စုံ စီ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ ပေးအပ်သည်။ Grade-6 မှ Grade-12 အထိ ကျောင်းသား/ကျောင်းသူများအား ဘာသာတွဲအလိုက် သတ်မှတ်ပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ အစရှိသည်များကို အခမဲ့ ထောက်ပံ့ပေးအပ်ကြောင်း  သိရသည်။

နေအောင်(ပြန်/ဆက်)