နွားထိုးကြီးမြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

နွားထိုးကြီး     မေ  ၂၆

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် အထက(နွားထိုးကြီး)ရှိ အောင်သူရိန်ခန်းမတွင် မေ ၂၅ ရက် ရက် နံနက် ၈ နာရီတွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နယ်မြေခံတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးသိန်းဇော်က  အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးအောင်နိုင်ဦးက ၂၀၂၆−၂၀၂၇ ပညာသင်နှစ်ကျောင်းများ ဖွင့်လှစ်နိုင်မှုအခြေအနေများရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဇင်ဇင်လင်းက ၂၀၂၆−၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံနိုင်မှုအခြေအနေများ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့ရောက်ရှိအောင် မြို့မိမြို့ဖများ၊ မိဘများမှ ပူးပေါင်းဆောင်ရွက်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

တင့်လွင်ဦး