ကြာအင်းဆိပ်ကြီး မေ ၂၆
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးတွင် ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်၊ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက အထက၊ကြာအင်းဆိပ်ကြီး ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အထက၊ကြာအင်းဆိပ်ကြီးမှ ကျောင်းသား၊ကျောင်းသူများက သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဦးစောသိန်းဝင်းက ကျောင်းအပ်နှံရေးနေ့လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေကိုရှင်းလင်း တင်ပြသည်။ ယင်းနောက် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်းများကို ကျောင်းသား/ကျောင်းသူ များကိုပေးအပ်ပြီး အထက(ခွဲ)ကြာအင်းဆိပ်ကြီး ကျောင်းသား၊ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားပြီးမြောက်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)