အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2025
‎‎မန္တလေးတက္ကသိုလ် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် “ဂီတဆည်းဆာ” ပဒေသာကပွဲကို ယမန်နေ့ ညနေ (၄)နာရီမှစပြီး မန္တလေးတက္ကသိုလ်ဝန်းအတွင်း၌ မန္တလေးတက္ကသိုလ် ကျောင်းသား/သူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများစုပေါင်း၍ အဆို၊ အက၊ တေးဂီတတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
Oct 07,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နတ်မောက်မြို့ တြိဂံလမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
Oct 07,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် "နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့" ဗီနိုင်းပိုစတာများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ပေါ် နေရာ ၃ ခု၌ ယနေ့နံနက် ၉ နာရီအချိန်က စိုက်ထူခဲ့သည်။
Oct 07,2025
ပျော်ဘွယ်မြို့နယ်တွင် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၌ မင်းရာမဘုရားတွင် ဘုရားဂေါပကအဖွဲ့၏ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၆)ရက်၊ ည(၆)နာရီခွဲကဘုရားအား ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ဆီမီး(၃၀၀၀)ထွန်းညှိပူဇော်လျက်ရှိသလို ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 07,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၊ သီတင်းကျွတ်လပြည့်‌နေ့ (အဘိဓမ္မာအခါ‌တော်‌နေ့)အခါသမယ၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်း၊ စေတနာရှင်မိသားစုတို့မှစတုဒိသာ ကျွေးမွေးခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 07,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မင်းတုန်းလမ်း အကျဉ်းဦးစီးဌာနရှေ့နှင့် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းအနီးရှိ စေတီ(၁၀၀၀) ဘုရားကြီးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်မှစတင်၍ စိုက်ထူခဲ့ကြောင်း သိရသည်။
Oct 07,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံးက၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီချိန်က အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ ပြုလုပ်ခဲ့ကြသည်။