သရက်မြို့၌ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား ကျင်းပ

သရက် အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မင်းတုန်းလမ်း အကျဉ်းဦးစီးဌာနရှေ့နှင့် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းအနီးရှိ စေတီ(၁၀၀၀) ဘုရားကြီးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။   

ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာအားဖွင့်လှစ်ပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူးနှင့်  အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ "နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့" မြေစိုက်ပိုစတာအား အမွှေးနံသာရေဖြင့် ပက်ဖျန်းပေးခဲ့ပြီး ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)