မိုးညို အောက်တိုဘာ ၇
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် "နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့" ဗီနိုင်းပိုစတာများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ပေါ် နေရာ ၃ ခု၌ ယနေ့နံနက် ၉ နာရီအချိန်က စိုက်ထူခဲ့သည်။
အဆိုပါ ဗီနိုင်းပိုစတာများစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းလင်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့" ဗီနိုင်းပိုစတာ ၃ ခုအား လူအသွားအလာများသည့် ဗိုလ်ချုပ်ဆောင်ဆန်းလမ်းမကြီး၊ ပြည်တော်အေးလမ်းနှင့် ဗိုလ်တေဇလမ်းမကြီးလမ်းဆုံများတွင် အမွှေးနံ့သာများ ပက်ဖျန်း၍ စိုက်ထူခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)