အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2025
တောင်ငူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၄) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်အား ယနေ့မွန်းလွဲပိုင်းက ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကျင်းပသည်။ ရှေးဦးစွာသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၆၄)ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီးတွင်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိဂန္တဝင်ကိုးခန်းသိမ်တော်ကြီးအတွင်း၌ ဆရာတော်၊ သံဃာ‌တော်များမှ ပဝါရဏာပြုတော်မူကြသည်။
Oct 06,2025
သီတင်းကျွတ်လပြည့်နေ့သည်‌ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အားလျော်စွာ ထားဝယ်ဒေသရှိ ဘုရားပုထိုးစေတီတော်များ၊ ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့တွင် ယနေ့ညနေပိုင်းက ဒေသခံပြည်သူများ အပါအဝင်ဘုရားဖူးလာသူများက ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
Oct 06,2025
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ မြင်းခြံမြို့ဆန္ဒတော်ပြည့်ဘုရားတွင် ဘုရားဖူးပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားကြောင်း သိရသည်။
Oct 06,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၆ ရက် ညနေပိုင်းက ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခဲ့ပွဲကို ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားခဲ့သည်။
Oct 06,2025
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပနေသော သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲသည်  သီတင်းကျွတ်လပြည့်ညတွင် ပိုမိုစည်ကားခဲ့ပြီး ညနေပိုင်းနှင့် ညပိုင်း အချိန်များတွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက်လည်ပတ်ကြပြီး သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ ဖြတ်သန်းကြသည်။
Oct 06,2025
ဆရာအတတ်ပညာရေးဦးစီးဌာန၊ ရန်ကုန်ဇုန် ၂ ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့်နေ့စဉ်စည်ကားလျက်ရှိပြီး ယနေ့နံနက် သီတင်းကျွတ်လပြည့်နေ့တွင်  ဘုရားဖူးပြည်သူများနှင့် ပိုမိုစည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။