သီတင်းကျွတ်လပြည့်နေ့တွင် ပျော်ဘွယ်မြို့မင်းရာမဘုရား၌ ဆီမီး (၃၀၀၀) ပူဇော်ကျင်းပခြင်းနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ပျော်ဘွယ် အောက်တိုဘာ ၇

ပျော်ဘွယ်မြို့နယ်တွင် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၌ မင်းရာမဘုရားတွင် ဘုရားဂေါပကအဖွဲ့၏ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၆)ရက်၊ ည(၆)နာရီခွဲကဘုရားအား ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ဆီမီး(၃၀၀၀)ထွန်းညှိပူဇော်လျက်ရှိသလို ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ဘုရား ရှင်အားပူဇော်သည့်အနေဖြင့် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ပန်းရေချမ်းကပ်လှူပူဇော်ခြင်းစသည့် ကောင်းမှုကုသိုလ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အထွဋ်အမြတ်ထားရှိရာ နေများတွင် ဆီမီးကပ်လှူပူဇော်ခြင်းကို သီတင်းကျွတ်လပြည့်နေ့တိုင်းတွင် ဗုဒ္ဓဘာသာဝင်များ ဆင်ယင်ကျင်းပလျက်ရှိကြောင်းသိရသည်။

မင်းမင်းထွေး