နတ်မောက် အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နတ်မောက်မြို့ တြိဂံလမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ဆိုင်းဘုတ်ကို တစ်ပြိုင်တည်း စိုက်ထူထားသည့် နတ်မောက်-ပျော်ဘွယ်ကားလမ်းနှင့်နတ်မောက်-မကွေး ကားလမ်းဘေးရှိ စိုက်ထူထားသည့်ဆိုင်းဘုတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
လှဝင်း