အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ်ကတည်ထားကိုးကွယ်ထားသည့် အလိုတော်ပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ည(၇:၀၀)နာရီက ဆီမီး (၃၁၀၀) ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 07,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ သံဃာတော်တို့အား စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မိုင်းရယ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သီရီမင်္ဂလာစွမ်ဆိုင် ဘုန်းတော်ကြီး‌ကျောင်း၌ ကျင်းပခဲ့သည်။
Oct 07,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
Oct 07,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာအား ယနေ့ နံနက် ၉ နာရီက (၇)ဖြတ်လမ်း၊ ဦးစန္ဒာလမ်းထောင့်တွင် စိုက်ထူခဲ့ကြသည်။
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Oct 07,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲက နားခါရပ်ကွက်ရှိ အထင်ကရ ဆင်ရုပ်ကြီးအနီး မြို့လယ်လမ်းဆုံနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။