Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုလောမြို့၌ သီတင်းကျွတ်လမြတ်အခါသမယ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာများကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိ
Oct 07,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့တွင် သီတင်းကျွတ်လမြတ်အခါသမယ၌ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများ၌ ဆွမ်းတော်ကြီးတင်ပွဲများဆောင်ရွက်ခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စေတနာရှင်မိသားစုတို့မှ စတုဒိသာများ ကျွေးမွေးခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့”မြေစိုက်ပိုစတာများစိုက်ထူခြင်းန…
Oct 07,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာများစိုက်ထူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ ဆွမ်းဆန်စမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ထောင်စုလမ်း ကာလိလမ်းပိုင်းမြို့တွင်း လမ်း တလျှောက်၌ ယနေ့ နံနက်(၆:၃၀) နာရီအချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)တွင် သမိုင်းဝင်ရွှေဆံတော်စေတီတော် မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့်အထူးစည်ကား
Oct 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက် ဆူကိန်းဝပ်တော်မူသောဆကေသာဓာတု ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယနေ့ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဆံတော် စေတီတော် မြတ်ကြီးတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင်ကျင်းပသည့် ကာလဒါနအလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်
Oct 07,2025
မတ်လ ၂၈ ရက်မွန်းလွဲပိုင်းက အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးခြင်း၊ အဆောက် အအုံများအတွင်းပိတ်မိ၍ ထိခိုက်သေဆုံးခဲ့သူများစွာရှိခဲ့ပြီး ပျံလွန်တော်မူသွားခဲ့ကြသော ဆရာတော်၊ သံဃာတော်၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် သေဆုံးကွယ်လွန်သွားကြသူများအား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေကာလဒါန အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် မဟာတိလောကမှန်ကူသွန်းဘုရာကြီး၌ ဆီမီးစုပေါင်းထွန်းညှိပူဇော်ပွဲ ကျင်းပ
Oct 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မဟာတိလောကမှန်ကူသွန်းဘုရားကြီးအတွင်း၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ဆီမီးစုပေါင်းထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ့ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ…
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည ဘုရားဖူးပြည်သူများဖြင့် စည်ကား
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ အောင်တော်မူစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2733
Page
2734
Page
2735
Page
2736
Current page
2737
Page
2738
Page
2739
Page
2740
Page
2741
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department