မင်းလှမြို့နယ်တွင် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးခြင်းဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ ပြုလုပ်

မင်းလှ အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံးက၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီချိန်က အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ ပြုလုပ်ခဲ့ကြသည်။

မြေစိုက်ပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာအား မင်းလှမြို့တွင် လူအများမြင်သာသည့် အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့နှင့် အမှတ်(၅) ရပ်ကွက်၊ ရုံးလမ်းကွေ့နေရာ၊ စစ်ကွင်းမြို့တွင် မြို့မရပ်ကွက်၊ ချမ်းမြေ့လမ်းထောင့်နေရာတို့တွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)