အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2025
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင် ကျောက်တန်းမြို့၏ ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင်က ကျိုက်မှော်၀န်းရေလယ်စေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်ကာ  သမိုင်းဝင်ကျိုက်မှော်၀န်းရေလယ် တော်စေတီတော်မြတ်ကြီးတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Oct 06,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ YAR-14 မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ တစ်ဧက တင်း ၁ဝဝ ကျော်ထွက်ရှိကြကြောင်း ဗျက်ကြီး၊ ကြူတောကန်၊ နတ်ပုတီးနှင့် လယ်ဦးစုကျေးရွာရှိ တောင်သူများထံမှ သိရှိရသည်။
Oct 06,2025
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံ‌စေတီတော်မြတ်ကြီးနှင့် အခြားသောတန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်လည်းကောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းအနီးအနောက်ဘက်ကန်သာယာနှင့် အရှေ့ဘက်ကန်သာယာတို့ရှိ ပြည်ထောင်စုရင်ပြင်၊ လွတ်လပ်ရေးရင်ပြင် တို့အပြင် ကျောက္ကာလမ်းအနီးရှိ ပြည်သူ့ဥယျာဥ်တို့တွင် အများပြည်သူ အပန်းဖြေလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Oct 06,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ရန်ကင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင်ပါဝင်သည့်မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကစက်တင်ဘာ၃၀ရက်မှစတင်၍ ကြေညာသည်။
Oct 06,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၊ ရပ်ကွက် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဥပုသ်သီလဆောက်တည်ခြင်းများ ကုသိုလ်ဒါနပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Oct 06,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အဘိဓမ္မအခါတော်နေ့ အခမ်းအနားကို  သီတင်းကျွတ်လပြည့်နေ့၊ နံနက်ပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပသည်။
Oct 06,2025
မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့ဖြစ်သော‌ အောက်တိုဘာ ၆ ရက် ဝါကျွတ်လပြည့်နေ့တွင်ရပ်ဝေးရပ်နီးမှပြည်သူအများသည် ဥပုသ်သီလ ဆောက်တည်ခြင်းတန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ခြင်းမိဘဆရာများအား မိသားစုအလိုက်တ‌ပျော်တပါးသွားရောက်ဂါရဝပြုကန်‌တော့၍အလှူဒါနများအားပြုလုပ်လျက်ရှိသည်။