အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့ အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်းသားလူငယ်များ၊ စာပေဝါသနာသရှင် ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ကျင်းပပြုလုပ်သည်။
Sep 11,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် တောင်သူများပူးပေါင်းကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် မိုးစပါးအထွက်နှုန်း တစ်ဧကလျှင် တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ၁၃၃ရပ်ကွက်နှင့် မြို့နယ်လဝကရုံးတို့တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်
Sep 10,2024
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများအား ပြေစာများအပေါ်အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက M Hotel ၌ ကျင်းပပြုလုပ်သည်။
Sep 10,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အားကစားလှုပ်ရှားဆောင်ရွက်မှု နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ မွန်းလွဲ(၁)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။