စလင်း အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ရည်ညွှန်းသတ်မှတ်ကာလပေါက်စျေးထက် စျေးနှုန်းလျှော့ချ၍ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက စျေးမရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာဝတ်နေရေးအဆင်ပြေစေနိုင်ရန် ဆန်များအား ကာလပေါက်စျေးနှင့်ရည်ညွှန်းသတ်မှတ်စျေးနှုန်းထက် လျှော့ချရောင်းချခြင်းကို စလင်းမြို့၊ ပေါင်းနားရပ်ကွက်၊ ပါရမီကျော်ဆန်စက်လုပ်ငန်းမှ ဧရာပဒေသာ ဆန်တစ်ပြည်လျှင် (၅၀၀၀) ကျပ်နှုန်းနှင့် ရက်(၉၀) ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကာ ပြည်သူအများဝယ်ယူစားသုံးနိုင်ရေးတစ်ဦးလျှင် ဧရာပဒေသာဆန် (၃)ပြည်နှုန်း ရက်(၉၀)ဆန်အား (၆)ပြည်နှုန်းဖြင့် ဧရာပဒေသာဆန်(၂၄)ပြည်ပါ (၁၅)အိတ်နှင့် ရက်(၉၀)ဆန် (၁၅)အိတ်၊ စုစုပေါင်း ဆန်အိတ်အလုံး (၃၀) အိတ်အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မောင်လွင် (စလင်း)