မိုင်းဖြတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်အကြောင်း အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်

မိုင်းဖြတ် အောက်တိုဘာ ၁၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နမ့်နန်း(ရှမ်း)ကျေးရွာ၌လည်းကောင်း၊ မွန်းလွှဲပိုင်းက ပါလောင်းကျေးရွာ၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး အသိပညာပေးလုပ်ငန်းများ ဆောရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှာစကားများကို ‌ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မဖွဲ့ခွဲမှ ဒုတိယဦးစီမှူး ဒေါ်ယုယုမွန်နှင့် တာဝန်ရှိသူများက  မြန်မာအီလက်ထရောနစ်မဲပေးစက်၏ ကောင်းကျိုးများ၊ မဲဆန္ဒရှင်ပြည်သူများ စမ်းသပ်မဲပေးပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများက စမ်းသပ်မဲပေးခြင်းများကို အဆင့်ဆင့်ဆောင် ရွက်ခဲ့ကြသည်။    

ထိုကဲ့သို့ အသိပညာပေးဆောရွက်ခြင်းသည် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လွယ်ကူလျင်မြန် စွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)