ဓနုဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဓနုဖြူ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင်တို့မှ မီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို အရန်မီးသတ်အင်အား (၅၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)