ကျောက်ပန်းတောင်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး၏ အစီအစဉ်ဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို၊ ယနေ့ နံနက်(၈:၃၀)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အပေါ်ထပ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က မီးသတ်ဝတ်စုံများကို ပေးအပ်ရာ သင်တန်းသားခေါင်းဆောင်တစ်ဦးက လက်ခံရယူပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ-၁၃ ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား (၅၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် အခြေခံစစ်ရေးပြ၊ အခြေခံမီးသတ်နှင့် အခြေခံကူညီကယ်ဆယ်ရေးနည်းစနစ်များကို သင်ကြားပေးသွာမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးကပြောသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်မီးဘေးလုံခြုံရေဂအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းကွပ်ကဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)