နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို အောက်တိုဘာ ၇ ရက်က ဆောင်ရွက်ကြောင်း သိရသည်။
ယနေ့တွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူသည့် အခမ်းအနားများကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ထန်းတပင်၊ ဒိုက်ဦး၊ ပြည်၊ တောင်ငူ၊ အုတ်တွင်း၊ နတ်တလင်း၊ ကျောက်တံခါး၊ သဲကုန်း၊ ညောင်လေးပင်၊ ပေါင်းတည်၊ ဝေါ၊ ဖြူးနှင့်ရေတာရှည် မြို့နယ်များ၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ပခုက္ကူ၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ပေါင်ဝဲ၊ စေတုတ္တရာ၊ ဆိပ်ဖြူ၊ ချောက်၊ မင်းတုန်း၊ ကံမမြို့နယ်များ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြန်အောင်၊ ဟင်္သာတ၊ ဇလွန်၊ ကြံခင်း၊ လေးမျက်နှာ၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ လပွတ္တာ၊ ငပုတော၊ ငရုတ်ကောင်းမြို့နယ်များ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌လည်းကောင်း၊ ရှမ်းပြည်နယ် အောင်ပန်းမြို့၌ လည်းကောင်း၊ ကချင်ပြည်နယ် ပူတာအို နောင်မွန်၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ်တို့၌ လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားများသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လူထုအသိပညာပေးဆိုင်းဘုတ်ကို သတ်မှတ်နေရာများ၌စိုက်ထူကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
ထို့အတူ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အများပြည်သူကြည့်ရှုနိုင်ရေး အောက်တိုဘာ ၁၃ ရက်အထိ ကပ်ထားကြေညာထားမှုများကို မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။