ဒဂုံတောင် အောက်တိုဘာ ၈
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိတို့မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်များ၌ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကြေညာထားလျက်ရှိရာ ယမန်နေ့တွင်လည်း နံနက် ၇ နာရီမှ စတင်ကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်တွင် မဲစာရင်းကြေညာထားရှိမှုအား မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် သွားရောက်ကြည့်ရှုပြီး မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်းနှင့် ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှုလျက်ရှိကြကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)