ပြင်ဦးလွင် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး(ပြည်ချစ်ဘုရား) ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပိတ်ချင်းမြှောင်လိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန် ( BE . FALLS)၊ တရုတ်ဘုံကျောင်း၊ နှီးဘုရားနှင့် ဓာတ်တော်ချိုင့်ရေတံခွန်များသို့ ခရီးသွားပြည်သူများ နှစ်စဉ်နှစ်တိုင်းလာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြသည်။
ယခုအခါတွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ယခင်နှစ်များနှင့်မတူအောင် သီတင်းကျွတ်ကာလတွင် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဥယျာဉ်အတွင်း ညမီးရောင်စုံများဖြင့်အလှဆင်ထားပြီး မွန်းလွဲပိုင်း၂နာရီမှစတင်၍ ည ၉ နာရီအထိ နိုင်ငံကျော် တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ “Thadingyut's Night Poem” ပွဲတော်ကာလအတွင်း ဥယျာဉ်ညဖက်အလှကို တမူထူးခြားစွာခံစားနိုင်စေရန် ဥယျာဉ်အတွင် မီးရောင်စုံများ အလှဆင်ထားခြင်းကြောင့် ဆွဲဆောင်မှုရှိသည့် မြင်ကွင်းများ၊ ညအလှကိုခံစားရင်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်မှုနှင့်အတူ ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Night Bazaar လေးကိုလည်း ဥယျာဉ်အတွင်း စီစဉ်ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခရိုင် (ပြန်/ဆက်)