အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်များဖြင့် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2024
သန်လျင်ခရိုင် သန်းခေါင်စာရင်းကော်မတီကကြီးမှူး ဖွင့်လှစ်ခဲ့သော ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
Sep 15,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ၊ ရပ်ကွက်ကြီး( ၄ )တွင် ခရိုင်အဆင့် နည်းပြသင်တန်းသားများ  လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားဆောင်ရွက်ကြကြောင်း သိရသည်။
Sep 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အတွင်း တစ်နိုင်ငံလုံးတွင် ကောက်ယူမည်ဖြစ်ရာ ဖျာပုံခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လည်ပိုင်း အချိန်က ဖျာပုံမြို့ အ-ထ-က -၁ ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းက အထက်မြစ်ညှာမှ မြစ်ရေများဆုံဆင်းလာ၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။
Sep 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။