သရက်ချောင်း အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့၌ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့အခါသမယ၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ စေတနာရှင်မိသားစုတို့မှစတုဒိသာ ကျွေးမွေးခြင်းကို မြို့မရပ်ကွက်ရှိ မြို့ဦးစေတီတော်ဝင်းတွင် စည်ကားလျက်ရှိသည်။
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားနှင့်နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားဟောကြားတော်မူပြီး ဝါတွင်းသုံးလ ကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ညတွင် နတ်ဗြဟ္မာများ ဝန်းရံလျက် လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဘုရားရှင်အားကြိုဆိုဦးခိုက်ပူဇော်သောအားဖြင့် သီတင်းကျွတ် လဆန်း(၁၄)ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်(၁)ရက်နေ့ (၃)ရက်တိုင်ဘုရား၊ စေတီများ၊ အိမ်များ၊လမ်းများတွင် ဆီမီးများ၊ ရောင်စုံအလှ မီးသီး၊ မီးချောင်းဖြင့် မြို့ရွာရပ်ကွက်အလိုက် ဆီမီးပူဇော်ပွဲနှင့်မီးထွန်းပွဲများ၊ မီးပုံးလွတ်ခြင်းတို့ကိုကျင်းပပြုလုပ်ကြပြီး ရပ်ကွက်၊ ကျေးရွာအလိုက်အသင်းအဖွဲ့များ၊ စေတနာရှင်မိသားစုများမှ မဏ္ဍပ်များဖြင့် စတုဒိသာကျွေးမွေးခြင်း၊ ဘုရားစေတီပုထိုးများသို့ ဘုရားဖူးလာရောက်ကြသူများအား စတုဒိသာဖြင့် အလှူဒါနပြုခြင်း၊ ရပ်ကွက်လမ်းဆုံများ၌ နိဗ္ဗာန်ဈေးပွဲတော်များကျင်းပခြင်းဖြင့် သီတင်းကျွတ်ပွဲတော်ကို ပျော်ရွင်စွာဆင်နွှဲခဲ့ကြကြောင်းသိရသည်။
နန်းခလိုက် (သရက်ချောင်း)