ပေါက်ခေါင်း အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေး မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်၊ ပြည်-တောင်ငူလမ်းကွေ့နှင့် မြို့အဝင်ဂိတ်တို့၌ စိုက်ထူခဲ့ကြောင်းသိရသည်။
မြေစိုက်ပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အဆိုပါ "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ လှုံ့ဆော်ရေးမြေစိုက်ပိုစတာများကို ပြည်သူများ မိမိတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် ပြည်သူများမဲပေးခြင်းနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ရည်ရွယ်ကာ စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများထံမှသိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)