လားရှိုး ဇွန် ၂၁
လားရှိုးမြို့ လမ်းမတော်လမ်း သာသနာဗိမာန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊(၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိဒူတန်းကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
(၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိဒူတန်းကို သံဃာတော်၊သီလရှင် စုစုပေါင်း(၂၄၄)ပါး ဝင်ရောက် ဖြေဆိုကြောင်း၊ ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကိုဗစ်(၁၉)ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ စီစဉ်ကြီးကြပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ နိကာယ်စာမေးပွဲ ဝိဒူတန်းကို ဇွန်လ(၂၁)ရက်မှ ဇွန်လ(၂၆)ရက်နေ့အထိ နေ့စဉ်စာဖြေချိန်(၄)နာရီဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)