အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းကို ယနေ့နံနက်(၉:၀၀)အချိန်က ရန်ကင်းမြို့နယ် အမှတ်(၁၄) ရပ်ကွက် မိုးကောင်းဘုရားဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2021
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား များနှင့် ဥပဒေအရကိုင်ဆောင်သင့်သည့်ကတ်ပြား ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်း များက ယမန်နေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၁၃၈၃ ခုနှစ်(၂၀၂၁)ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ်(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ရာ ယမန်နေ့က
Jun 21,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ မွန်းလွဲ(၁)နာရီခန့်က ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ပထမဆုံးအကြိမ်အဖြစ်ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀ဦးရှိလာ‌ချိန်တွင် ပြည်သူ များအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာအသုံးပြုစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်စေရေး အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ငပုတော မြို့မဈေးနှင့် ဈေးတံတား၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2021
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   ခရိုင်စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့၊ စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင် များက ယနေ့မွန်းလွဲ(၁)နာရီတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလို ချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေး ရုံ(၂)ရုံတို့တွင် ယနေ့နံနက် ၉ နာရီ အချိန်ကစပြီး Covid-19 ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။