သဲကုန်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်တွင် သဲကုန်းမြို့နယ်အတွင်း မိုးသီးနှံများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုး ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းက ထောက်ပံငွေပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ ရေကြီးနစ်မြုပ်ဧက စုစုပေါင်း(၁၀၇၆.၀၀)ဧကအတွက် ထောက်ပံငွေစုစုပေါင်း(၁၀၇၆၀၀၀၀)ကျပ်အား တာဝန်ရှိသူ များမှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ယာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း