ပြင်ဦးလွင်မြို့၌ စာဖတ်ဝိုင်းကျင်းပ

ပြင်ဦးလွင်    ၊     ဇွန်  ၂၁ 

ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်  ( ၁၀  ) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ရာ  စာပေချစ်မြတ်နိုးသူများ  နှင့် (Book Club)အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။ 

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်သိန်းသန်းဌေးမှ   စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍   ၂၀၂၁ ခုနှစ် ၊ ဇွန်လ   ၂၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ၊ စာမျက်နှာ  ( ၂၄ ) တွင် ဖော်ပြထားသော  စာရေးဆရာ  ကျော်ကျော်လှိုင် ရေးသားသော  မသိတာကို မေးဖို့မရှက်ပါနဲ့ ခေါင်းစဉ်အား  ဦးတည်ပြီး ဆွေးနွေးရမည့် အကြောင်းအရာများကို  ရှင်းလင်းပြောကြားခဲ့သည်။  

ဆက်လက်ပြီး စာဖတ်ဝိုင်းဆွေးနွေးသို့ တက်ရောက်လာသူများမှ  စာရေးဆရာ  ကျော်ကျော်လှိုင် ရေးသားသော  မသိတာကို မေးဖို့မရှက်ပါနဲ့ ခေါင်းစဉ်မှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်၍ ကဏ္ဍအလိုက် အသီးသီး ဦးဆောင်ဆွေးနွေးကြပြီး   ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ ဦးစီးအရာရှိ  ဒေါ်သိန်းသန်းဌေး  နှင့် စာဖတ်သူများက မိမိတို့ မှတ်သားလေ့လာ တွေ့ရှိချက်မှ ရရှိသော စာပေ အသိ၊ အမြင်၊ အတွေးများကို  စုစည်း၍  ် ဆွေးနွေးကြကြောင်းသိရသည်။

ခရိုင်  (  ပြန်/ဆက်  )