ကျောက်တံခါးမြို့နယ်တွင် နွေရာသီအားကစား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်တံခါး  ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က --က(ခွဲ) အနောက်ရပ်၊ စံပယ်ဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက  နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် လူငယ်မောင်/မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသား လုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် မိမိဝါသနာပါရာ အားကစားနည်းများကို လေ့လာလိုက်စာခြင်းမှသည် အမျိုးသားအားကစား အဆင့် အတန်း တိုးတက်မြင့်မားလာစေရန်၊ နွေရာသီအားကစား သင်တန်းများမှ တစ်ဆင့်ဗီဇ ပါရမီရင့်သန်၍ အောင်မြင်မှုအလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစား သမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပြီး နိုင်ငံ့ဂုဏဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားနိုင်ရန် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ယူခဲ့တဲ့ အားကစားနည်း မျိုးစေ့ ချပေးခြင်းပဲဖြစ်ပြီး သင်တန်းမှ သင်ယူခဲ့တဲ့ အားကစားနည်းတွေကို အမြဲမပြတ် လေ့ကျင့်နိုင်အောင် ကြိုးစားကြပါ၊ ကျောင်းလက်ရွေးမှတစ်ဆင့် မြို့နယ်/ခရိုင်/တိုင်း လက်ရွေးစင် ထိုမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် အများ ပြည်သူက အားကျဂုဏ်ယူရတဲ့ အားကစားသမားများဖြစ်အောင် ကြိုးစာကြပါစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အားကစားနည်း အလိုက် သင်တန်း ဆရာ/ဆရာမ များအား ဂုဏ်ပြုဆုငွေများ ပေးအပ်၍ အားကစားနည်းအလိုက် သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပြီး သရုပ်ပြအဖွဲ့များက Fitness Dance  အားကစားနည်းဖြင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။