ကျောင်းကုန်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျောင်းကုန်း  ဇွန်  ၂၁

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား များနှင့် ဥပဒေအရကိုင်ဆောင်သင့်သည့်ကတ်ပြား ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်း များက ယမန်နေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူ (၆၇)ဦးနှင့်အိမ်ထောင်စုလူဦးရေ စာရင်း(၁၉)ခုတို့ကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်(၅)ခု နှင့်ကျေးရွာအုပ်စု(၆၅)အုပ်စုရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးက ဦးဆောင်၍ တိုက်နယ်မှူး(၆)ဦးတို့က ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ (၈)အုပ်စု ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ရုံးက သိရသည်။

ဝင်းကြိုင်(ပြန်ဆက်)