ရန်ကင်းမြို့နယ်တွင်ရှေးဦးပြုစုခြင်း အ​ခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၁)သင်တန်းဖွင့်လှစ်

ရန်ကင်း   ဇွန်    ၂၁

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းကို ယနေ့နံနက်(၉:၀၀)အချိန်က ရန်ကင်းမြို့နယ် အမှတ်(၁၄) ရပ်ကွက် မိုးကောင်းဘုရားဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းကို မြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး  သင်တန်းသို့ ရန်ကင်းမြို့နယ်အတွင်းရှိ ချမ်မြေ့ဆည်းဆာပရဟိတအသင်း  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   အင်အား (၂၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းကျန်းမာရေးလိုအပ်ချက်များ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉နှင့် ပက်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ PPE ဝတ်နည်း၊ ချွတ်နည်းနှင့် စေနာ့ဝန်ထမ်းများ၏ အခန်း၊ အသက်ရှုအားကူနည်း၊ အရေးပေါ်လူနာ သယ်ဆောင်နည်းနှင့် ပတ်တီးစည်းနည်းစသည့် ဘာသာရပ်များကို သင်ကြား ပို့ချသွားမည် ဖြစ်သည်။

သင်တန်းအား ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းနှင့်တာဝန်ရှိသူများက သင်ကြားပို့ချပေးမှာဖြစ်ပြီး သင်တန်းကို ဇွန်လ ၂၁ ရက်မှ ၂၃ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းပို့ချရာသို့ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့တို့မှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

လှလှထွေး