အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ရွှေပြည်စိုး သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်‌တော်ကြီး၊ ပြည်စာဖြေဌာန၌ ၁၃၈၃ခုနှစ်(၂၀၂၁)ခုနှစ်၊ (၂၈)ကြိမ်မြောက် နိကာယ် စာမေးပွဲ(ဝိဒူတန်း)ကို ယနေ့မွန်းတည့် ၁နာရီက ကျင်းပ ပြုလုပ်သည်။
Jun 21,2021
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရနိကာယ်(၅) ရပ်စာမေးပွဲကို အမှတ်(၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်၌ ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈) အလတ်စား စက်ပြင်အလုပ်ရုံ ရွှေညောင်မြို့တွင် (၁/၂၀၂၁) လယ်ယာသုံးစက်ကိရိယာပြုပြင် ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းကို ယနေ့နံနက်(၉)နာရီက အဆိုပါ စက်မှုလယ်ယာဦးစီးဌာန၌ ကျင်းပသည်။
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကိုဗစ်ကော်မတီဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖ များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကိုင်းရိုးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအား အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲနှင့် အလှူရှင်မှ ဆောက်လုပ်လှူဒါန်းသော ခေမာဓိပတိခိုင်မေတ္တာ စာသင်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။