ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ပျော်ဘွယ်မြို့နယ်ရုံး ဝန်ထမ်း များနှင့်တွေ့ဆုံ

ပျော်ဘွယ်  ဇွန် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ မွန်းလွဲ(၁)နာရီခန့်က ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီနေထိုင်ရေး၊ ဝန်ထမ်းကောင်းဖြစ်စေရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူများပူးပေါင်း ပါဝင်လာအောင် ပြည်သူ့ဆက်ဆံရေး နည်းလမ်းများအသုံးပြု၍  စည်းရုံးရန် လိုအပ်ပါကြောင်း၊ ပြန်ကြားပေးရန်၊ ပညာပေးရန်ဆိုသည့် ရည်မှန်းချက်များနှင့်အညီ မိမိတို့ဝန်ထမ်းများအနေဖြင့် စာပေကိုလေ့လာဖတ်ရှုရေးသားနိုင်ရန်လိုအပ်ပါကြောင်း၊ ဦးစီးဌာနလုပ်ငန်းဖြစ်သည့် ဆွေးနွေးပွဲ၊ စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ Talk Show စသည့် လုပ်ငန်းများကို လုပ်နိုင်သည့်အနေအထားမှ စတင်လုပ်ဆောင်ရန် လိုအပ်ပါကြောင်းနှင့် နောက်ပိုင်းကာလတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်(ပြန်/ဆက်)