အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုပ္ပားကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့်တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းနှင့်မြို့နယ် တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာအုပ်စုတွင် ဇွန်လ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၄)လုံး ပျက်စီးဆုံးရှုံးခဲ့ရာ မိသားစုဝင်များအားထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အသေးစားနှင့်စက်မှုလက်မှုဦးစီးဌာနရုံး၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
Jun 21,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မုဒုံမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့ရာမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင့်ဇော်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်သည်။
Jun 21,2021
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက မြို့မရဲစခန်းဝန်း အတွင်းရှိအမှတ်(၈၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှယာဉ်ထိန်း ရဲတပ်ဖွဲ့များစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 21,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ အားကစားလုပ်ငန်းများ၊အားကစားကွင်းများနှင့် အားကစားအဆောက်အဦများဆောင်ရွက်ထားရှိမှုကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၁နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။